ကျွန်တော့ဆီ ဒီနေ့ရောက်လာတဲ့
Huawei G730 U00 B138 ပါ သူကတော့ အသုံးပြုရင်းနဲ့ ပါဝါကျပီး ပြန်ပြန်တက်လာတတ်တဲ့ဖုန်းပါ
ဘာဖြစ်တာလဲစမ်းကြည့်ပီး ကျွန်တော် Firmware ပြန်တင်ကြည့်လိုက်ပါတယ်
အဆင်ပြေ၀ါးတယ်ဗျ
အဲ့တော့ ကျွန်တော်သိလိုက်ရတဲ့ Firmware တင်တဲ့နည်းလေးကို ပြန်ရှယ်ပေးလိုက်ပါတယ်ဗျာ
လုပ်ဆောင်ရမဲ့အချက်တွေ မှတ်ပါ
- ဖုန်းကို အားပြည့်အောင် အရင်သွင်းထားလိုက်ပါ။
- အောက်မှာ ပေးထားတဲ့ G730 U00 Firmware Zip ဖိုင်ကို ဒေါင်းလိုက်ပါ။
- ဒေါင်းလို့ရလာတဲ့ Zip ဖိုင်ကို ဖြေလိုက်ပါ။
- ဖြေလို့ထွက်လာတဲ့ထဲ့က dload folder လေးကို Sd Card ထဲ Copy ကူးထည့်လိုက်ပါ။(Sd Card ထဲက မည်သည့် folder အောက်မှာမှမထည့်ပါနဲ့ ၊ လွတ်တဲ့နေရာ လေးမှာသာ Paste လုပ်ပါ။
- ပီးရင် ဖုန်းကို Power ပိတ်လိုက်ပါ။
- ပီးရင် ဖုန်းမှာပါတဲ့ Volume Up + Volume Down + Power ခလုပ်သုံးခုကို တပြိုင်ထဲ နှိပ်ထားပါ။(နဲနဲကြာအောင်ဖိထားပါ။ ပြိုင်တူဖြစ်ရမယ်နော် နောက်မကျစေရဘူး)
- ပီရင် ဒေါင်းထားတဲ့ Zip ဖိုင်ကနေ Firmware ပြန်တင်နေတာကို Android Logo လေးနဲ့ တွေ့နေရပါမယ်။
- စောင့်နေလိုက်ပါ ဖုန်းကိုဘာမှမလုပ်ပါနဲ့ ဒီတိုင်းထားလိုက်ပါ။ (ခဏကြာရင် သူ့ဘာသာ ပြန်တက်လာပါလိမ့်မယ်)
အားလုံးအဆင်ပြေကြပါစေဗျာ
G730 U00 Firmware Zip ဖိုင်ကို အောက်မှာ ဒေါင်းလိုပ်ပါ
အဆင်မပြေတာရှိရင် ပြန်ပြောခဲ့နော်
No comments:
Post a Comment