ADB & Fastboot ဖြင့် Bootloader Unlock ပြုလုပ်နည်း
Photo Credit: androiding.how
ADB & Fastboot ဖြင့် Bootloader Unlock ပြုလုပ်နည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ADB & Fastboot ဖြင့် Bootloader ကို Unlock ပြုလုပ်ဖို့ လွယ်ကူပါတယ်၊
ဒါပေမယ့် အားလုံးသော Androi Devices များကိုတော့ မရနိုင်ပါ။
Manufactures devices အများစုက သူတို့၏ ထုတ်ကုန် ဖုန်းများကို users တွေအတွက်
Warranty ထိခိုက်မှာစိုးလို့ Bootloader ကို lock ချပြီးကာကွယ်ထားကြတာပဲဖြစ်ပါတယ်။
ဖုန်းတစ်လုံး၏ သက်ဆိုင်ရာ Tip & Trick များကို ပြုလုပ်ချင်တယ်ဆိုရင်တော့
ပထမဆုံး ကျော်ဖြတ်ရမယ့် အဆင့်ကတော့ Bootloader Step ပါပဲ
မိမိဖုန်းကို စိတ်ကြိုက် ကလစ်ချင်တဲ့ သူတွေကတော့ ဖုန်းမှာ Bootloader ကို
Unlocking ပြုလုပ်ထားရမှာပဲဖြစ်ပါတယ်၊ အောက်မှာလေ့လာကြည့်လိုက်ပါ။

ငြင်းဆိုချက်
======
၁။ ဖုန်းကို Bootloader Unlocking ပြုလုပ်ခြင်းသည် ဖုန်း၏ warranty ပျက်စီးနိုင်ပါတယ်။
၂။ ဖေါ်ပြနည်းလမ်းအတိုင်း ပြုလုပ်ပါရန်၊ တကယ်လို့ သင့်ဖုန်းမှာ damage (ပြသနာ) တစ်စုံတစ်ခု
ဖြစ်ခဲ့လျှင်တော့ ဇူးနစ်(နည်းပညာ) မှ လုံးဝတာဝန်ယူ ဆောင်ရွက်ပေးလိမ့်မည် မဟုတ်ပါ။
၃။ ဖုန်းကို ကြိုတင် Backup တစ်ခုပြုလုပ်ထားပါ။
၎။ ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။
၅။ Read instruction (လမ်းညွှန်အတိုင်းပြုလုပ်ပါ)

Bootloader Unlock ပြုလုပ်နည်း
==================
၁။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
၂။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ။
၃။ ဖုန်းကို ပါဝါပိတ်လိုက်ပြီး၊ Vol up +Vol Down + Power များကို
တွဲနှိပ်ပြီး Bootloader Mode သို့ဝင်လိုက်ပါ။
၃။ Command line များဖြင့် ၀င်မယ်ဆိုရင်တော့
အောက်ပါ အတိုင်း ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
adb reboot bootlader
၎။ ဖုန်းမှာ Fastboot Mode သို့ရောက်သွားပါလိမ့်မယ်။
၅။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပေးလိုက်ပါ။
၆။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

၇။ Fastboot Devices အချင်းချင်း ချိတ်ဆက်မှု အဆင်ပြေ မပြေစမ်းကြည့်ဖို့
အောက်ပါစာကြောင်းကို ရိုက်ထည့် Enter ကီးကိုခေါက်ပါ။
၈။ Devices အချင်းချင်းလည်း ချိတ်ဆက်မှုအဆင်ပြေတယ်ဆိုရင်တော့
အောက်ပါ Command ကိုရိုက်ထည့်ပြီး Enter ကိုခေါက်ပေးလိုက်ပါ။
fastboot oem unlock
၉။ Process တစ်ခု အောင်မြင်စွာဖြင့် ပြီးဆုံးသွားတဲ့အခါ ဖုန်းကို
confirm ပြုလုပ်ပေးရမှာဖြစ်လို့ Volume up ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။
အောင်မြင်ပြီးစီးကြောင်း Success message ကို မြင်နေရပါလိမ့်မယ်။
၁၀။ အောင်မြင်ကြောင်း message မြင်နေရတဲ့အခါ
Power ကီးကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချပေးလိုက်ပါ၊
၁၁။ တကယ်လို့ ဖုန်းကို Reboot ချရန်အတွက် Command ကိုအသုံးပြုပြီး
Reboot ချပေးချင်တယ်ဆိုရင်တော့ အောက်ပါ Command ကိုရိုက်ထည့်ပေးလိုက်ပါ။
fastboot reboot
၁၁။ ဖုန်းမှာ Auto Reboot ကျသွားပါလိမ့်မယ်၊
Boot စတင်ချိန် အနည်းငယ်ကြာနိုင်ပါတယ်။

No comments:
Post a Comment