Aug 27, 2020

dj studio pro v9.2.4.3.8

 

dj studio pro v9.2.4.3.8




DJ သမားများအတွက်ကော၊ လေ့လာချင်သူများအတွက်
လိုအပ်သော DJ Studio Pro v9.2.4 ဆော့လ်ဝဲလေးပါ..။
သီချင်းတွေ mix လုပ်ဖို့အတွက် အကောင်းဆုံးသော music player နှင့်
audio program development tool တစ်ခုလည်းဖြစ်ပါတယ်။
အထဲမှာ crack ဖိုင်လေးပါ ပါပါတယ်....။
အဆင်ပြေကြပါစေ..။

DJ Studio Pro is full featured Twin deck player with manual and automatic fading
between decks, including seven of our other audio utilities:
 Audio Converter, CD Audio Grabber, Audio Editor/ Splitter,
Smart ID3 TAG Editor, Lyrics Editor, Album Cover Image Editor,
CD Audio Creator/ Burner.

DOWNLOAD 

Aug 26, 2020

MI Flashtool All For Windows (32bit&64bit)

 

MI Flashtool All For Windows (32bit&64bit)

အရင်ဆိုက်မှာတင်ထားခဲ့တာကြာပါပြီ။
လိုအပ်နေသူတွေရှိနေသေးတာသိရလို့ပြန်တင်ပေးလိုက်ပါတယ်။

သေချာစမ်းပြီးမှတင်ပေးတာပါ / လိုအပ်ရင်အောက်ကလင့်မှာဒေါင်းယူသွားပါ။


No Ads

No Password

Free Download

SPD Driver (All For 64bit / 32bit Windows)

 

SPD Driver (All For 64bit / 32bit Windows)

64 bit Window တွေအတွက် SPD Driver ရှာရခက်နေတယ်ဆိုလို့ကျန်တော့်မှာရှိတာလေးပြန်မှပေးလိုက်ပါတယ်။ 32bit မှာလည်းအလုပ်လုပ်ပါတယ်။


လိုအပ်ရင်အောက်ကလင့်မှာဒေါင်းယူသွားနိုင်ပါတယ်။
ဒေါင်းလော့ဆွဲရာမှာအခက်တွေ့စေတဲ့အရာတွေဘာမှခံမထားပါဘူး။



DOWNLOAD SPD DRIVER

Windows အားလုံးအတွက်အဆင်ပြေစေမယ့် Android driver tools များစုစည်းမှု (100%Working)

 

Windows အားလုံးအတွက်အဆင်ပြေစေမယ့် Android driver tools များစုစည်းမှု (100%Working)

Window တစ်ခါတင်ပြီးတိုင်း Driver ရှာရတဲ့ပြသနာဖြစ်နေတဲ့ညီအစ်ကိုမောင်နှမတွေအတွက် Window အားလုံးအတွက်အဆင်ပြေစေတဲဲ့ Driver tool ၃ မျိုးကိုပြန်မှပေးလိုက်ပါတယ်။

Window7 (32&64bit)/ 8.1 pro (64bit) / 10 (32&64bit) အားလုံးမှာကျန်တော်စမ်းပြီးမှအဆင်ပြေလို့ပြန်မှပေးလိုက်တာပါ။

MTK / SPD / Qualcomm / ဘာဆိုဘာမှပူစရာမလိုတော့ပါဘူး။တချို့ run မရတဲ့အမျိုးအစားလေးတွေနဲ့လိုအပ်မယ်ထင်တဲ့ driver လေးတွေတော့ကိုယ်ဟာကိုယ်ထပ်ဖြည့်ပေါ့ဗျာ။

Tool အားလုံးကိုအောက်ကလင့်မှာဆွဲပါ။size အနေနဲဲ့ 400MB လောက်ရှိပါတယ်။ဒေါင်းလော့ဆွဲရာမှာအခက်တွေ့စေတဲ့ Ads တွေဘာတစ်ခုမှခံမထားပါဘူး။အားလုံးကိုအဆင်ပြေစေချင်တဲ့စေတနာနဲ့ upload တင်ပေးတာပါ။


No Ads
No Password
Free Download


DOWNLOAD TOOL 1

DOWNLOAD TOOL 2

DOWNLOAD TOOL 3

Windows ကွန်ပြူတာအားလုံးကိုအလွယ်ကူဆုံးမြန်မာစာသွင်းနည်

 

Windows ကွန်ပြူတာအားလုံးကိုအလွယ်ကူဆုံးမြန်မာစာသွင်းနည်း(100%Test by Working)

ပထမဆုံးအနေနဲ့လိုအပ်တဲ့ Zawgyi Installer ကိုအောက်ကလင့်မှာဒေါင်းယူလိုက်ပါ။

ပြီးရင်အောက်က Screen Shot တွေကြည့်ပြီးတော့လွယ်လွယ်ကူကူနဲ့မြန်မာစာသွင်းယူလိုက်ပါ။

Window7 / 8.1pro/ 10 အားလုံးမှာကျန်တော်စမ်းသပ်ပြီးမှပြန်တင်ပေးတာပါ။


No Ads
No Password

DOWNLOAD ZAWGYI INSTALLER

Microsoft .Net Framework Install လုပ်မရတဲ့ပြသနာဖြေရှင်းခြင်း (100%OK)

 

Microsoft .Net Framework Install လုပ်မရတဲ့ပြသနာဖြေရှင်းခြင်း (100%OK)



ဒီပြသနာကကွန်ပြူတာသုံးသူတိုင်းတစ်နေ့ကြုံတွေ့ရမယ့်ပြသနာလို့ပြောလို့ရပါတယ်။ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ဒီပြသနာကြုံလာခဲ့ရင်အဆင်ပြေပြေဖြေရှင်းနိုင်မယ့်နည်းလမ်းလေးပြန်မျှပေးလိုက်ပါတယ်။


လိုရင်းပဲပြောပြပါမယ်။
ပထမဆုံးအနေနဲ့ Control panel ကိုသွားပါ
ပြီးရင် Programs ကို Click ပါ
Turn Windows features on or off ကို Click ပါ၊အဲဒီမှာ Box တစ်ခုကျလာပါမယ်၊အဲဒီထဲမှာ Microsoft .Net စာသားပါတဲ့ကောင်တွေအားလုံးအမှန်ခြစ်ပေးပြီး OK ပေးပါ။
ပြီးသွားရင်ကွန်ပြူတာကို Restart ချလိုက်ပါ။




ကွန်ပြူတာ Window ပြန်တတ်လာတဲ့အခါ
C ထဲက Windows Folder ထဲကိုဝင်ပါ။
SoftwareDistribution ဆိုတဲ့ Folder ကိုရှာပြီး SDold လို့ Rename ပြောင်းပေးပါ။
ပြီးရင်ဖွင့်ထားတဲ့ Tab အားလုံးပိတ်လိုက်ပါ။




Window key နဲ့ R ကိုတွဲနှိပ်လိုက်ပါ။
Box လေးတစ်ခုတတ်လာရင် cmd လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ပြီးရင်အောက်ပါ Commend လေးတစ်ကြောင်းရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။

net start WuAuserv






ဒါဆိုရင်ရပါပြီ။ Install လုပ်လို့ မရတဲ့ Microsoft .Net Framework ကို Install လုပ်ကြည့်ပါ။အဆင်ပြေနေတာကိုတွေ့ရပါလိမ့်မယ်။

No Bootable Device ပြသနာဖြေရှင်းနည်

 

No Bootable Device ပြသနာဖြေရှင်းနည်း


အခုရက်ပိုင်းကျွန်တော်လည်း
ကွန်ပြူတာပြသနာတွေနဲ့ပဲကြုံနေရတယ်ဗျာ။

ကိုယ်ကဘာမှဖြစ်ဖြစ်မြောက်မြောက်မတတ်တော့တစ်ခု error တတ်ရင် Google လေးခေါက်လိုက် / Youtube မှာပြေးကြည့်လိုက်နဲ့ပဲအချိန်ကုန်နေခဲ့ရပါတယ် / မရရင် Fb ကဆရာတွေကိုမေးရတာပေါ့ဗျာ။

ဘာပဲဖြစ်ဖြစ် ဒီပြသနာဖြေရှင်းနိုင်တဲ့နည်းလမ်းလေးကျွန်တော့်လို Computer ကိုအခုမှစသုံးတတ်တဲ့ဘော်ဒါတွေကြုံလာခဲ့ရင်တိုင်မပတ်စေဖို့အတွက်ပြန်မျှလိုက်ပါတယ်။

၁။ ကွန်ပြူတာကိုပါဝါဖွင့်ပါ။

၂။ ဘာမှတတ်မလာခင် F2 သို့မဟုတ် Del key ကိုနှိပ်ပြီး BIOS ထဲကိုဝင်ပါ ( မှတ်ချက်အနေနဲ့ BIOS ကိုဝင်တဲ့ Key တွေတစ်ခုနဲ့တစ်ခုမတူပါဘူး)

၃။ BIOS ထဲရောက်သွားပြီဆိုရင် Boot ဆိုတဲ့ခေါင်းစဉ်အောက်ကိုသက်ဆိုင်ရာ (Arrow key/ဘေးခလုတ်) ကို နှိပ်ပြီးသွားလိုက်ပါ။

၎။ Boot mode နေရာမှာ UEFI ဆိုတာလေးရှိတယ် / အဲဒီ UEFI ဆိုတာလေးရွေးပြီး Enter တစ်ချက်ခေါက်လိုက်တဲ့အခါ Legacy ဆိုတာလေးပူးတွဲပေါ်လာပါမယ် / လိုရင်းပြောရရင် UEFI ကို Legacy လို့ပြောင်းပေးပါ။

၅။ Legacy လို့ပြောင်းပြီးရင် F10 ကိုတစ်ချက်နှိပ် >> ပြီးရင် Enter ခေါက်လိုက်ပါ။ကွန်ပြူတာဟာ Restart ကျသွားပါမယ်၊ပြန်တတ်လာရင်အဆင်ပြေပြီပေါ့ဗျာ။

Window10 Auto Update ကိုအလွယ်ဆုံးပိတ်နည်း

 

Window10 Auto Update ကိုအလွယ်ဆုံးပိတ်နည်း

၁။ Search the Web and Windows မှာ Service လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ

၂။ ထိပ်ဆုံးမှာ Services
                   Desktop app  ဆိုပြီးပေါ်နေတဲ့ကောင်ကို Click ပေးပါ

၃။ စာကြောင်းတွေအများကြီးနဲ့ Tab တစ်ခုပွင့်လာပါမယ်။ အာက်ဆုံးကနေစပြီးရေရင် ၁၁ ကြောင်းမြောက်လောက်မှာ Window update ဆိုတာကိုတွေ့ရပါမယ်။ Click ၂ ချက်နှိပ်ဖွင့်လိုက်ပါ

၎။ Startup type: မှာ Automatic ဖြစ်နေတာကို Disable ပြောင်းပေးလိုက်ပါ။ပြီးတာနဲ့ Start ကို Click ပါ > Apply > Ok ။

ကျွန်တော်သိသလောက်တော့ ဒါဆိုရင်ပြီးပြီပေါ့ဗျာ။

ကျွန်တော်ရေးပြတာမရှင်းဘူးထင်ရင်အောက်ကလင့်မှာ Video file လေးတစ်ချက်ကြည့်ကြည့်လိုက်ပါ။အဆင်ပြေသွားပါလိမ့်မယ်။

Computer CPU Generation ခွဲခြားနည်း

 

Computer CPU Generation ခွဲခြားနည်း

Computer CPU Generation ကိုဘယ်လိုခွဲခြားရမလဲမသိသေးတဲ့ညီအစ်ကိုမောင်နှမတွေအတွက် Computer CPU Generation ခွဲခြားနည်းကိုကျွန်တော်နားလည်ထားသလိုလိုရင်းပဲပြောပြပေးပါမယ်။

ပထမဆုံးအနေနဲ့ My Computer ကို Right click ပေးပါ

ဒုတိယအနေနဲ့ Properties ကို Click ပါ

အဲဒီမှာကွန်ပြူတာမှာသုံးထားတဲ့ Hardware အစိတ်အပိုင်းတွေကိုမြင်တွေ့ရပါလိမ့်မယ်။

ဒါပေမယ့်ကျွန်တော်တို့တွေက CPU ကို Generation ခွဲခြားဖို့ပဲကြည့်မှာဆိုတော့ CPU ကိုပဲကြည့်ပါ။

အဲဒီမှာ ...

CPU က i5 - 6400 ဘာညာ ဘာညာပေါ့ဗျာ

i5 - နောက်က 6 ဆိုရင် 6 Generation ပေါ့ဗျာ

အဲလိုပဲပေါ့

i3 - 5005U ဆိုရင် i3 - နောက်က 5 ဆိုတော့ 5 Generation လို့သိထားရမှာပါ

အဲလောက်ဆိုရင်ကျွန်တော်သဘောပေါက်ထားသလိုပဲ Computer ရဲ့ CPU Generation ကိုဘယ်လိုခွဲရမယ်ဆိုတာကိုမသိသေးတဲ့ညီအစ်ကိုမောင်နှမတွေအနေနဲ့သိသွားလောက်ပြီလို့မျှော်လင့်ပါတယ်ဗျ။


Window10 မှာကိုယ့်ရဲ့ Software တွေ/ Crack Toolတွေနဲ့ Data တွေကို Antivirus ကဖျက်ပစ်လို့စိတ်ညစ်နေသလား ???

 

Window10 မှာကိုယ့်ရဲ့ Software တွေ/ Crack Toolတွေနဲ့ Data တွေကို Antivirus ကဖျက်ပစ်လို့စိတ်ညစ်နေသလား ???

Messenger မှာလာမေးတာလေးကြုံတာနဲ့Window10 မှာ Antivirus ကမဖျက်စေချင်တဲ့ File / Folder တွေကိုဘယ်လိုကာကွယ်ထားရမလဲဆိုတဲ့နည်းလမ်းလေးပြန်မျှလိုက်ပါတယ်။

Virus ကြောက်ရ / Antivirus ကြောက်ရနဲ့ဖြစ်နေတဲ့ဘဝတူညီအစ်ကိုမောင်နှမတွေရဲ့အခက်အခဲတွေပြေလည်သွားမယ်လို့မျှော်လင့်ပါတယ်။Screen Shot တွေသာကြည့်ပြီးလုပ်လိုက်ကြပါတော့။